“ေက်ာက္ကပ္ေဖါေရာင္ျခင္းႏွင့္ ဆီးေရာဂါမ်ားအတြက္ “လသာပင္ (သို႔)ေတာင္ကန္စြန္း”

ေက်ာက္ကပ္ေဖါေရာင္ ဆီးကေျကာင္လသာေမာင္ကို ေခၚကာကုကြယ့္ ဟုသံေနသံထားျဖင့္

ကြမ္းသံႀကီးျဖင့္ရြတ္ျပဖူးေသာေဆးဆရာႀကီး ဘိုးေတာ္သိန္းကို သတိရမိသည္။

လူငယ္သဘာဝ လက္ေတြ႔စမ္းလို႔၍ လသာပင္နွင့္ ေက်ာက္ကပ္ေဝဒနာရွင္အား ဆရာႀကီးအႀကိမ္ႀကိမ္ ဝင္လုပ္ဖူးပါသည္။

ဝန္ထမ္းဘဝသင္တန္းတက္ရာ နယ္အရပ္ရပ္မွသူငယ္ခ်င္းမ်ားဆံုႀကပါသည္။ေက်ာက္ကပ္ေရာင္သူ

ေက်ာ္ဝင္းနိုင္ဆိုေသာသူပါလာသည္။ ေက်ာက္ကပ္ေႀကာင့္ ေဖါေရာင္သည္ကေႀကာက္မက္ဖြယ္တစ္ကိုယ္လံုးေရာင္ရမ္းျခင္း

ေျခလက္မ်ွက္ႏွာႏွစ္ဆနီးနီးျဖစ္လာသည္အထိပင္။ အသားကိုႏွိပ္ျကည့္ကေပ်ာ့ကာအိခနဲတြန္းကန္အားမရွိနစ္ဝင္သည္။

ထိုသူက သင္တန္းလည္းမပ်က္လို၍ ဘိုးေတာ္သိန္းေျပာေသာနည္းျဖင့္ လသာပင္အရြက္မ်ားခူးကာ

ေရစင္ေအာင္ေဆးျပီးအရည္ညွစ္ျပီးအႀကမ္းပန္ကန္းလံုးတစ္လံုး နံက္ညတိုက္၏။

အပြင့္သည္ ေအာ္လံပံုရွိျပီး ခရမ္းရင့္ေရာင္နွင့္ခရမ္းႏုႏွစ္မ်ိဳးရွိပါသည္။ႏွစ္ရက္ေျမာက္ေန႕တြင္

ဆီးတြင္ ေနာက္က်ိစြာအဖတ္မ်ားပါလာျပီးတစ္ပတ္အတြင္း အေဖါက်သြားျခင္း လက္ေတြ႕ႀကံဳဖူး၏။

ထိုသင္တန္းဆင္းသည့္တိုင္ ေက်ာ္ဝင္းနိုင္အမည္ေပ်ာက္ ေက်ာက္ကပ္ႀကီးဆိုေသာ

အမည္ျဖင့္ လူသိရွင္ႀကားသင္တန္းျပီးဆံုးစြာ တက္နိုင္ခဲ႕ေလသည္။

အံ႕ဖြယ္လသာပင္၏ အစြမ္းပါလား။ေက်ာက္ကပ္နွင့္ဆီးအတြက္ ေန႔စဥ္ ဟင္းခ်ိဳခ်က္ေသာက္ေပးပါက

အလြန္ေကာင္းသည္ဆိုသည္။အခ်ိဳ႕အိမ္မ်ားတြင္ စိုက္ထားၾကသည္။အရြက္ႏုညွစ္ရည္ကိုေသာက္္ ျခင္း။

ဟင္းခ်ိဳခ်က္ေသာက္ျခင္း။အသုပ္လုပ္စားျခင္း။ငါးနွင့္ေရာ၍ခ်က္ျပီးစားျခင္း။အတို႔အျမွဳပ္လုပ္ကာမိမိေရာဂါေပၚမူတည္ျပီး

ဥာဏ္ျဖင့္ယွဥ္ကာ စားသံုးမွီဝဲပါက ေအာက္ပါေရာဂါမ်ား သက္သာေပ်ာက္ကင္းေစပါသည္။

အေစးျဖဴထြက္ျပီး ဝမ္းကိုသက္တတ္ပါသည္။(၁).ငွက္ဖ်ားေၾကာင့္ အသည္းေရာင္အသားဝါျဖစ္ျခင္း။

(၂)အသည္းရာင္အသားဝါ။(၃)ေက်ာက္ကပ္ေရာင္ျခင္းေၾကာင့္ ျဖစ္ေသာကိုယ္ေဖာ့ျခင္း ေပ်ာက္ကင္းေစပါသည္။ေတာင္ကန္စြန္း(သို႕)

လသာရြက္ အၫြန္႔ေလးမ်ားကို ေရစင္စင္ေဆးၿပီး ျပဳတ္ရည္ကို မ်ားမ်ားေသာက္ပါ။

ႏူးေအာင္ျပဳတ္ျပီး သုပ္စားပါ။အသည္းႏွင့္သရက္ရြက္ေရာင္ျခင္းေၾကာင့္ မ်က္လံုးမ်ား ဝါသူသည္ပထမတြင္

ဝမ္းတြင္း႐ွိ အညစ္အေၾကး အမည္းပုပ္မ်ားအရင္ ဝမ္းသက္၍ ဆင္းမည္ အမည္းအပုပ္မ်ား ဆင္းျပီး မၾကာမီ

ဝမ္းအေရာင္ မူလအတိုင္း ျဖစ္လာမည္ ထိုအခါ မ်က္လံုးမ်ား အဝါေရာင္ ေပ်ာက္သြားပါလိမ့္မည္။ လိုသူတို႔သံုး ေစတနာအျပံဳးျဖင့္ ရႊင္လန္းနိုင္ပါေစ…။

Unicodeျဖင့္ဖတ္ရန္

ကျောက်ကပ်ဖေါရောင် ဆီးကကြောင်လသာမောင်ကို ခေါ်ကာကုကွယ့် ဟုသံနေသံထားဖြင့်

ကွမ်းသံကြီးဖြင့်ရွတ်ပြဖူးသောဆေးဆရာကြီး ဘိုးတော်သိန်းကို သတိရမိသည်။

လူငယ်သဘာဝ လက်တွေ့စမ်းလို့၍ လသာပင်နှင့် ကျောက်ကပ်ဝေဒနာရှင်အား ဆရာကြီးအကြိမ်ကြိမ် ဝင်လုပ်ဖူးပါသည်။

ဝန်ထမ်းဘဝသင်တန်းတက်ရာ နယ်အရပ်ရပ်မှသူငယ်ချင်းများဆုံကြပါသည်။ကျောက်ကပ်ရောင်သူ

ကျော်ဝင်းနိုင်ဆိုသောသူပါလာသည်။ ကျောက်ကပ်ကြောင့် ဖေါရောင်သည်ကကြောက်မက်ဖွယ်တစ်ကိုယ်လုံးရောင်ရမ်းခြင်း

ခြေလက်မျှက်နှာနှစ်ဆနီးနီးဖြစ်လာသည်အထိပင်။ အသားကိုနှိပ်ကြည့်ကပျော့ကာအိခနဲတွန်းကန်အားမရှိနစ်ဝင်သည်။

ထိုသူက သင်တန်းလည်းမပျက်လို၍ ဘိုးတော်သိန်းပြောသောနည်းဖြင့် လသာပင်အရွက်များခူးကာ

ရေစင်အောင်ဆေးပြီးအရည်ညှစ်ပြီးအကြမ်းပန်ကန်းလုံးတစ်လုံး နံက်ညတိုက်၏။

အပွင့်သည် အော်လံပုံရှိပြီး ခရမ်းရင့်ရောင်နှင့်ခရမ်းနုနှစ်မျိုးရှိပါသည်။နှစ်ရက်မြောက်နေ့တွင်

ဆီးတွင် နောက်ကျိစွာအဖတ်များပါလာပြီးတစ်ပတ်အတွင်း အဖေါကျသွားခြင်း လက်တွေ့ကြုံဖူး၏။

ထိုသင်တန်းဆင်းသည့်တိုင် ကျော်ဝင်းနိုင်အမည်ပျောက် ကျောက်ကပ်ကြီးဆိုသော

အမည်ဖြင့် လူသိရှင်ကြားသင်တန်းပြီးဆုံးစွာ တက်နိုင်ခဲ့လေသည်။

အံ့ဖွယ်လသာပင်၏ အစွမ်းပါလား။ကျောက်ကပ်နှင့်ဆီးအတွက် နေ့စဉ် ဟင်းချိုချက်သောက်ပေးပါက

အလွန်ကောင်းသည်ဆိုသည်။အချို့အိမ်များတွင် စိုက်ထားကြသည်။အရွက်နုညှစ်ရည်ကိုသောက် ခြင်း။

ဟင်းချိုချက်သောက်ခြင်း။အသုပ်လုပ်စားခြင်း။ငါးနှင့်ရော၍ချက်ပြီးစားခြင်း။အတို့အမြှုပ်လုပ်ကာမိမိရောဂါပေါ်မူတည်ပြီး

ဉာဏ်ဖြင့်ယှဉ်ကာ စားသုံးမှီဝဲပါက အောက်ပါရောဂါများ သက်သာပျောက်ကင်းစေပါသည်။

အစေးဖြူထွက်ပြီး ဝမ်းကိုသက်တတ်ပါသည်။(၁).ငှက်ဖျားကြောင့် အသည်းရောင်အသားဝါဖြစ်ခြင်း။

(၂)အသည်းရာင်အသားဝါ။(၃)ကျောက်ကပ်ရောင်ခြင်းကြောင့် ဖြစ်သောကိုယ်ဖော့ခြင်း ပျောက်ကင်းစေပါသည်။တောင်ကန်စွန်း(သို့)

လသာရွက် အညွန့်လေးများကို ရေစင်စင်ဆေးပြီး ပြုတ်ရည်ကို များများသောက်ပါ။

နူးအောင်ပြုတ်ပြီး သုပ်စားပါ။အသည်းနှင့်သရက်ရွက်ရောင်ခြင်းကြောင့် မျက်လုံးများ ဝါသူသည်ပထမတွင်

ဝမ်းတွင်းရှိ အညစ်အကြေး အမည်းပုပ်များအရင် ဝမ်းသက်၍ ဆင်းမည် အမည်းအပုပ်များ ဆင်းပြီး မကြာမီ

ဝမ်းအရောင် မူလအတိုင်း ဖြစ်လာမည် ထိုအခါ မျက်လုံးများ အဝါရောင် ပျောက်သွားပါလိမ့်မည်။ လိုသူတို့သုံး စေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ…။

Be the first to comment

Leave a Reply

Your email address will not be published.


*