“သင့်ရဲ့ဖုန်းနှစ်ဆ လောက်အထိ ကြာရှည်ခံဖို့အတွက် လိုက်နာသင့်တဲ့အချက်များ”

လက်ရှိလူနေမှုဘဝမှာ ဖုန်းဆိုတာ မရှိမဖြစ် အရေးပါလာတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ ဘယ်လို လူတန်းစားပဲဖြစ်ဖြစ်

သူများထက် ပိုပြီးကောင်းတဲ့ဖုန်းကို ကိုင်ချင်ကြတာ ဓမ္မတာပါ။ ဒါပေမယ့် တော်တော်များများကတော့

ဈေးနှုန်းအကန့်အသတ်နဲ့သာ ကိုယ်နဲ့သင့်တော်တဲ့ ဖုန်းကို ဝယ်ယူနေရပါတယ်။

တချို့က ဖုန်းက ကောင်းပေမယ့် ခဏသာ သုံးလိုက်ရတာမျိုး ရှိတတ်ပါတယ်။

တချို့ကတော့ ဖုန်းက မကောင်းပေမယ့် တရိုတသေကိုင်တဲ့အတွက် နှစ်နဲ့ချီပြီး အကောင်းအတိုင်း ရှိနေတတ်ပါတယ်။

အခုဖော်ပြချင်တာကတော့  ဒီဖုန်းတွေရဲ့သက်တမ်း နှစ်ဆလောက်အထိ ကြာရှည်ခံဖို့အတွက်

လိုက်နာသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံး သိထားရင် အကျိုးများစေမယ့် အချက်တွေပါ။

(၁) အားပြည့်နေမှန်း သိသိကြီးနဲ့ ဖုန်းကို အားသွင်းကြိုးတန်းလန်း မထားပါနဲ့

ဖုန်းတော်တော်များများမှာ အားသွင်းဖို့အတွက် အတိုင်းအတာတစ်ခုအထိ အချိန်ပေးရပါတယ်။

တချို့က ခရီးသွားဖို့၊ အပြင်ထွက်ပြီး လည်ပတ်ဖို့ ရှိတဲ့အခါမျိုး၊ ဒါမှမဟုတ် ညဘက်အိပ်တဲ့အချိန်မျိုးမှာ စိုးရိမ်စိတ်လွန်ကဲပြီး

ဖုန်းကို မလိုအပ်ဘဲ အားသွင်းထားတတ်ပါတယ်။ ဒါဟာ ဖုန်းအတွက် အလွန်ဆိုးတဲ့အမူအကျင့်ဖြစ်ပြီး

အခန့်မသင့်ရင် ပေါက်ကွဲတာတွေ၊ လျှပ်စစ်ရှော့ဖြစ်တာတွေ ကြုံရနိုင်ပါတယ်။

(၂)  ဖုန်းအားပြည့်ဖို့ (၁၀၀)%အထိ လိုအပ်ပါသလား

ကျွမ်းကျင်တဲ့ပညာရှင်တွေကတော့ ဖုန်းဘက်ထရီ (၁၀၀)%အပြည့်ထိ အားသွင်းတာဟာ

ဖုန်းကို အဓိက ဆိုးရွားစေတဲ့အချက်လို့ ဆိုပါတယ်။ ဖုန်းအသီးသီးမှာထည့်ထားတဲ့

ဘက်ထရီနှုန်းပြဆော့ဖ်ဝဲတွေက (၁၀၀)%ပြနေတဲ့အထိ အားသွင်းတာဟာ ဘက်ထရီအတွက် အလွန်ဆိုးစေပါသတဲ့။

ဒီတော့ ကိုယ့်ရဲ့ဘက်ထရီသက်တမ်း ပိုကြာရှည်ခံချင်တယ်ဆိုရင် အမြင့်ဆုံး (၉၅)%လောက်ထိ၊

ဖြစ်နိုင်ရင် (၈၀)%လောက်ထိသာ အားသွင်းသင့်ပါတယ်။

(၃) အပူလွန်ကဲသည်အထိ အသုံးမပြုပါနဲ့

တချို့သောဖုန်းတွေဟာ နာရီပိုင်းလောက် ကြာအောင်သုံးလိုက်ရင် အပူလွန်ကဲတတ်ပါတယ်။

တချို့က ညဘက်သီချင်းနားထောင်ရင်း အိပ်ရာအောက်၊ ခေါင်းအုံးအောက်မှာ ဖုန်းက ရောက်မှန်းမသိ ရောက်သွားတာမျိုး

ရှိတတ်ပါတယ်။ ဖုန်းအပူချိန်လွန်ကဲအောင် အသုံးပြုခြင်းထက် ဖုန်းကိုပိုမိုဆိုးရွားစေနိုင်တဲ့ အခြားအပြုအမူ

မရှိဘူးလို့တောင် ဆိုကြပါတယ်။ ဂိမ်းကစားသူများလည်း သတိထားသင့်ပါတယ်။

(၄) ဘက်ထရီအသုံးပြူမှု လွန်ကဲတဲ့ App တွေကို ဖယ်ရှားပါ

တချို့သော ဖုန်းတွေမှာ App တွေရဲ့ ဘက်ဂရောင်းအလုပ်လုပ်မှုတွေကို တစ်ခုချင်းဆီ လိုက်ပိတ်လို့ရပါတယ်။

ဒီနည်းအားဖြင့် နောက်ကွယ်မှာ Run နေတဲ့ စက်ပိုင်းဆိုင်ရာနဲ့ မပတ်သက်တဲ့ App တွေကို ဖယ်ရှားသင့်ပါတယ်။

တချို့က အင်တာနက်ချိန်ဆက်လိုက်တာနဲ့ အလိုလျှောက် အလုပ်လုပ်တဲ့ App တွေဖြစ်ပြီး၊

၎င်းတို့ကို ဖယ်ရှားလိုက်ခြင်းက ဖုန်းအတွက် ကောင်းသလို၊ ဘယ်လိုကဘယ်လို ဒေတာတွေကုန်မှန်းမသိတဲ့ ပြဿနာကို ဖြေရှင်းပြီးရာ ရောက်ပါတယ်။

(၅) ဗိုင်းရပ်စ်တွေကို ရှောင်ပါ

ဗိုင်းရပ်စ်ဆိုတာ ဂြိုဟ်မပါဘူးဆိုပေမယ့် နည်းပညာနဲ့ဆော့ဖ်ဝဲသမားတွေကတော့ ဖိုင်တစ်ခုခုမြင်လိုက်တာနဲ့

Unknown Source Web Link တစ်ခုခုတွေ့လိုက်တာနဲ့ ဗိုင်းရပ်စ်ဆိုတာ သဘောပေါက်ကြပါတယ်။

သာမန်လူတွေအတွက်တော့ ဒီပြဿနာတွေ ရှောင်နိုင်တဲ့နည်းလမ်းက ကိုယ်မသိတဲ့ ခိုင်မာမှုမရှိတဲ့ Source တွေထဲကို ဝင်ကြည့်တာ၊

အင်တာနက်ကြော်ငြာက ပရိုမိုးရှင်းတွေ၊ Free Game တွေဝင်ကစားတာမျိုး ရှောင်ကြဉ်ရမှာပါ။

(၆) ဖုန်းကို တရိုတသေကိုင်ပါ

ဖုန်းတစ်လုံး ကြာရှည်ခံဖို့အတွက် အဓိကအခြေခံအကျဆုံးအချက်ကတော့ ဖုန်းကို တရိုတသေ ကိုင်တာပါဘဲ။

လွတ်မကျအောင်၊ မှန်မကွဲအောင်၊ အပူချိန်မလွန်ကဲအောင်၊ ဖုန်းကုမ္ပဏီကထုတ်လုပ်တဲ့ update ပိုင်းတွေ

မလွတ်အောင် ဂရုစိုက်ခြင်းတွေဟာ ဖုန်းတစ်လုံးကို သာမန်ထက် (၂)ဆလောက်ပိုပြီး ကြာရှည်ခံစေပါတယ်။

ဒီအချက်တွေကို လိုက်နာနိုင်ရင် ဖုန်းအတွက် အကုန်အဆင်ပြေပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*