“အရိုးကျိုးတာ အကြောပျက်တာတွေကို အကောင်းအတိုင်း ပြန်ဆက်ပေးနိုင်တဲ့ အရိုးဆက်ပင်”

အရိုးဆက်ပင် အသားဆက်ပင် အကြောဆက်ပင်ကျွန်းရွက်နှင့် အတော်တူတာ။ ဖက်ခါးပင်နှင့် အသီးပါ တူတယ်။

အရိုးကျိုးရင် ဆေးရုံသွားစရာတောင် မလိုဘူးတဲ့။တစ်ခါသား ကျွဲကြီးတစ်ကောင် တောင်ပေါ်က ပြုတ်ကြပြီး

အရိုးတွေ အကုန်ကျိုးကျေနေတာကို အဲဒီအပင်ကအရွက်တွေနဲ့ အုပ်ထားခဲ့တာ နောက်နေ့ကြတော့ အကောင်းပကတိအတိုင်း

သူ့ဘာသာ အိမ်ပြန်လာသတဲ့။လွန်သားပဲ။အသားတွေ ဟက်ပက်ရှနာခဲ့ရင်တောင် အရွက်ကိုထောင်းပြီး အုံထားရင် ခဏလေးနှင့်

အသားတွေ ပြန်ဆက်သွားသတဲ့။တစ်ခါသား ခုတ်ထစ်ထားတဲ့ ကြက်သားတွေကို အဲဒီအရွက်နှင့် ထုတ်ပိုးပေးလိုက်တာ

အိမ်ရောက်တော့ ကြက်က အကောင်လိုက်ကြီး ပြန်ဖြစ်နေသတဲ့။ လွန်သားပဲ။အကြောတွေဆို အလွန်သန်မာသတဲ့။

ကမ္ဘာက ကုလို့ မပျောက်တဲ့ ပိုလီယိုတောင် အဲဒီအပင်ကြား သွားထိုင်နေရင် ပျောက်သတဲ့။တစ်ခါသား ခြေထောက်မသန်တဲ့

ကောင်လေးတစ်ယောက် အဲဒီအပင်တွေကြားမှာ အလေးသွားတာ။ထလာတော့ ခြေထောက်တွေက အကောင်းအတိုင်း ဖြစ်နေသတဲ့။ လွန်သားပဲ။

ဘာပဲဖြစ်ဖြစ် နားထောင်လို့တော့ အကောင်းသား။သို့နှင့် အင်တာနက်မှာ ရှာဖတ်တယ်။ အထက်က ပုံပြင်တွေက ဟုတ်လိနိုးနိုးရယ်။

အထူးသဖြင့် အကြောအားတိုးဆေးအဖြစ် သုံးသတဲ့။အမြစ်ကို နွားနို့နှင့် စိမ်သောက်ရင် ထန်းစ လှီးထားသလိုပဲဆိုလား ဘာဖြစ်တယ်ဆိုလား

။အသားဆက် အရိုးဆက် အကြောဆက်ကတော့ တကယ်ကောင်းပုံပေါ်တယ်။ ရပ်ထဲ ရွာထဲမှာတော့ လူပြော သူပြော အတော်များတယ်။ထားပါ။

အရေးကြုံတဲ့အခါ သုံးလို့ ရတာပေါ့။ ထို့ထက် ဘယ်လိုကြောင့်ပဲ သစ်ပင်ကိုချစ်ချစ် ကိုယ့်အတွက် အသုံးကျလို့

ဆေးဝါးဖြစ်လို့ ဘယ်လိုပဲ ချစ်ချစ် သစ်ပင်လေးတွေကို ချစ်တတ်ရင် “ဆေးပင်တဲ့ဟဲ့”ဆိုပြီး သစ်ပင်လေး

တစ်ပင်လောက်များ စိုက်ဖြစ်ခဲ့ရင် လက်ညောင်းခံရကျိုး နပ်သပ။ဘုန်းကြီးဦးနာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်ထဲ ရှာကြည့်တယ်။

ဗဟုသုတအဖြစ် အဲဒီထဲက ကူးပေးလိုက်ပါတယ်။အပင်ပုံသဏ္ဌာန် ။ ။ ပင်ထောင်ငယ် အပင်မျိုးဖြစ်၏။ အရွက် အင်ရွက်ထက်ပင် ကြီး၏။

ခွေးသွားစိပ် ရှိ၏။ အကိုင်းများ စိမ်း၏။အပွင့်သည် ဖြူ၏။ အမြစ်သည် ဥကဲ့သို့ ဖြစ်၏။ အမြစ်ကို အရောင်ဆိုးရန် အသုံးပြု ရ၏။

ဆေးလည်း အသုံးပြု ရ၏။ဂုဏ်နှင့် စွမ်းရည် ။ ။ အမြစ်သည် ချုပ်၏။ အနာကို အသားနု တက်စေ၏။ နာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေ၏။

သွေးယိုစီးခြင်းကို တားမြစ်တတ်၏။ ကိုယ်၌ နာကျင် ကိုက်ခဲခြင်း ဖြစ်ခဲ့သော် အမြစ်ကို သွေး၍ ပူအောင် ပြုပြီးလျှင် လိမ်းပေးရ၏။

အချို့အရပ်ဒေသတို့၌ အရွက်နုကို ဟင်းချိုချက် စားကြ၏။ အမြစ်ကို သွေးလိမ်းလျှင် ပွေးပျောက်၏။ ၎င်း၏သတ္ထုရည်ကို အနာမြုံများ၌

အုံပေးလျှင် အနာကျက်၍ အသားနုကို တက်စေ၏။ရောဂါအလိုက် အသုံးပြုနည်း – ပွေးနာ ။ ။ ၎င်းအမြစ်ကို ရေနှင့် သွေးလူးသော်

ပွေးနာများ ပျောက်ကင်း၏။အကြောရောင်ရောဂါ ။ ။ ၎င်းအမြစ်ကို ရေနှင့် သွေး၍ မီးနှင့် အတန်ငယ် ပူအောင် နွှေး၍

အကြောတလျောက် ရောင်ရမ်းရာ၌ လိမ်းကျံပေးလျှင် အကြောရောင်ရောဂါ ပျောက်ကင်း၏။အနာ အသားနု တက်ဆေး ။

၎င်း၏အမြစ်ကို ရေနှင့် ညက်ညက်ပါအောင် ကြိတ်၍ အဝတ်စပေါ်တွင် ထိုကြိတ်ပြီးဆေးကို သုတ်လိမ်း၍

ဖရောင်းချက် ကပ်သကဲ့သို့ အနာပေါ်၌ ကပ်ပေးပါက အနာသည် အသားနု လျှင်စွာ တက်၏။အကိုက်အခဲပျောက်ဆေး ။

ခန္ဓာကိုတွင် မည့်သည့် နေရာမဆို ကိုက်ခဲ နာကျင်ခဲ့သော် ၎င်းအမြစ်ကို သွေး၍ မီးနှင့် နွေးနွေးဖြစ်အောင်

ကင်ပြီး သုတ်လိမ်းပေးပါက ကိုက်ခဲ နာကျင်ခြင်း ပျောက်ကင်း၏။အနာ သွေးတိတ်ဆေး ။

အနာပေါက်တို့၌ အနာသည် သွေးများ ယိုစီနေသော် ၎င်းအမြစ်ကို ရေနှင့် သွေးလိမ်းပါက အနာသည် သွေးယိုစီးခြင်းမှ ရပ်စဲသွားလိမ့်မည်။

Be the first to comment

Leave a Reply

Your email address will not be published.


*